ရခိုင်ပြည်နယ်အတွင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၅၀၈ ဦး အထိ ရှိလာနေပြီး ယင်းအထဲတွင် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း ၄၀ ကျော်အထိ ပါဝင် နေကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

စစ်တွေမြို့တွင် လက်ရှိ Quarantine Center ဝင်နေသူ ၅၅၉ ဦးရှိကြောင်း စစ်တွေအခြေစိုက် အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့မှ စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူပေါင်း (၅၅၀) ကို ကျပန်း သွေးနမူနာများစစ်ဆေးခဲ့ရာတွင် ကိုဗစ်ပိုးတွေ့ရှိသူများ တွေ့ရှိရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လာမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည့် ပါတီဝင်လေးဦးကို ရခိုင်အမျိုးသားပါတီ(ANP)မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့၌ လုံခြုံရေးအခြေအနေစိုးရိမ်ရကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ အကြံပြုထားကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။