ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက် ညဥ့်(၉)နာရီခွဲအချိန်ခန့်ကစတင်ကာ ကျေးရွာရှိနေအိမ်များမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ COVID-19 Positive လူနာတစ်ဦး ဆေးရုံမှထွက်ပြေး၍ ပြန်လည် ဖမ်းဆီးကာ ဆေးရုံအချုပ်တွင် ချုပ်ထားသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ ရွာသားနှစ်ဦး သေနတ်ကျည်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ယနေ့(စက်တင်ဘာလ ၄ ရက်) နံနက်ပိုင်းကတွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းယာယီကားဂိတ်တွင် ယာဉ်များရပ်နားရန် နေရာအခက်အခဲ ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်၊ အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ဦးဖိုးစံကို ဥပဒေနှင့် အညီ ပယ်ချလိုက်ခြင်းဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။