ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအတွင်းသို့ ယနေ့(သြဂုတ် ၃ ရက်) နံနက် ၉ နာရီ ကျော်အချိန်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးငယ်နှစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၆ မြို့နယ်တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ COVID-19 ပိုးတွေ့လူနာ ၄၆၅ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး ရမ်းဗြဲမြို့နယ်တစ်မြို့နယ်တွင်သာ ကိုဗစ်ပိုးတွေ့လူနာမရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ကူးစက်ပျံ့နှံ့မှုမြန်သည့် COVID-19 ပိုးတွေ့လူနာမှာ စက်တင်ဘာလ ၃ ရက်နေ့အထိ ၄၉၀ ဦးအထိရှိနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါပိုးတွေ့ရှိသူ အများဆုံးပြည်နယ်ဖြစ်လာသော်လည်း လက်ရှိအချိန်ထိ စစ်ရေးပဋိပက္ခများ ရပ်တန့်ခြင်းမရှိသေးဘဲ အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ တိုးလျက်ရှိနေသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်နှင့် စစ်ပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်တို့မှာ ရမ်းဗြဲမြို့မရဲစခန်းတွင် တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အမှုဖွင့်လှစ်ထားကြကြောင်း ကာယကံရှင်များထံမှသိရသည်။

ဝဘ်ဆိုဒ်ပိတ်ခြင်းမှာ မြန်မာစစ်တပ်၏ အာဏာအလွဲသုံးစားပြုမှု၊ အကြီးစား အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။