တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့နယ်၊ ဒလက်အုပ်စုမှ ကျေးရွာ ၁၁ ရွာတွင် နယ်မြေ ဒေသ လုံခြုံမှုမရှိသည့်အတွက် မဲစာရင်းများမကပ်နိုင်သေးကြောင်း အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် COVID-19 Postive လူနာ (၂၀)ဦးသာ လက်ခံကုသပေးနိုင်ပြီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ပေါက်တော ဆေးရုံတွင် ပိုးတွေ့လူနာ (၂၀)ဦးအထိ ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အစိုးရဝန်ထမ်းများ သြဂုတ်လအတွက် လစာငွေမရရှိကြသေးကြောင်း ယင်းမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများနှင့် ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဒေသခံတစ်ဦးကို (သြဂုတ်လ ၃၁ ရက်) ည ၆ နာရီ) အချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာအတွင်း ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ယာခင်းမှပြန်လာသည့် ကျောက်ဂူစုကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။