ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တောင်ဖီလာအုပ်စုရှိ ဆယ်ရှဉ်လုပ်ကျေးရွာ မူလတန်းကျောင်းမှာ ပျက်စီးယိုယွင်း လာနေသဖြင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ငါးထောင်ကျော်ကို သိမ်းဆည်းရရှိခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းလေးထောင်အထိ ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်းဖွံဖြိုးရေးစီမံကိန်းများကို ရခိုင်ပြည်သူများ၏ ဆန္ဒ၊ သဘောတူညီချက်များနှင့် အပြန်အလှန်ဆွေးနွေးခွင့်ပြုခြင်းဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများ ဆွေးနွေးပွဲမှ တာင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး စစ်ရှောင်စခန်းအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို အစိုးရအနေဖြင့် သုံးလကျော် ကြာသည့်တိုင်အောင် စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများက ပြောသည်။