ပယ်ချခံရသည့် မွတ်ဆလင်များမှာ မောင်တောခရိုင်နှင့် စစ်တွေခရိုင်တို့မှဖြစ်ပြီး ယင်းအထဲတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့် ဦးအဘူလ်ကာဟေရ် တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကို တိုးမြှင့်ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မောင်တောမြို့နယ်သို့ ပြန်လာသူ ၅၁ ဦးနှင့် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာ ၂ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာ (Swab) များကို ဓါတ်ခွဲစစ်ဆေးရန် ယနေ့ (သြဂုတ်လ ၂၄ ရက်)နေ့တွင် စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ Covid-19 ပိုးတွေ့လူနာ ၆၇ ဦးထဲ၌ ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း (၇) ဦးတို့ပါဝင်ပြီး ရဟန်းသံဃာ (၅)ပါးလည်းပါဝင်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရန်လာရောက်မည့် ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နောက်ဆုံးနှစ်ဖြေဆိုထားသည့် သူနာပြု ၅၆ ဦးမှာ ကားလမ်း၊ ရေလမ်းများပိတ်ထားသဖြင့် စစ်တွေသို့ လာရောက်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။