ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လက်နက်အားကိုးခြင်း၊ အင်အားကိုအသုံးချခြင်းတို့ကြောင့် အောင်မြင်သည် ဆို့သည့်အကျင့်၊ ရေသောက်မြစ်များကို ဖြတ်တောက်ရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Covid-19 ပိုးတွေ့လူနာ ၆ ဦးအထိရှိလာပြီးနောက် ယနေ့(သြဂုတ်လ ၂၀ ရက်) မှစတင်ကာ ကန့်သတ်မှုအချို့ကို ပြုလုပ်ထားရှိသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကွေ့ရှည်ကျေးရွာမှ ဒေသခံသုံးဦးမှာ ကဇုကိုင်းတံတားအနီးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဦးရေ ၃၂၀၀ ကျော်ခိုလှုံနေသည့် တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများနှင့် စစ်ဘေးရှောင်များ ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်အထက်ပိုင်းရှိ ကျေးရွာအုပ်စု ၃ ခုမှ ရွာပေါင်း ၂၅ ရွာတွင် စားနပ် ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများကပြောသည်။