မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် ရိုးသားမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရဆုပ်ကိုင်ကြရန် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပိုးတွေ့လူနာ CB ဘဏ်ဝန်ထမ်းအမျိုးသမီးနှင့် ထိတွေ့မှုမရှိသူ ၃ ဦးတွင် Covid-19 ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများကို ဒိန်းမတ်နှင့် နော်ဝေနိုင်ငံများမှ အကူအညီဖြင့် ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)မှ သိရသည်။