- Details
- မင်းထွန်း
- Hits: 580
- စစ်တွေ
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တပ်နေရာချထားရေးကိစ္စကို စာချုပ်စာတန်းဖြင့် သဘောတူညီလက်မှတ်ထိုးပြီးသွားလျှင် မိုင်းလင်းရှင်းရေးကို တပ်မတော်မှ တာဝန်ယူပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
- Details
- ဥာဏ်ဟိန်း
- Hits: 291
- စစ်တွေ
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံ ထားရသော ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ရေးအတွက် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့မဈေးကြီးတွင် လက်ကမ်းစာစောင်များဖြန့်ဝေသည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
- Details
- မျိုးသီရိကျော်
- Hits: 323
- စစ်တွေ
ကိုဗစ်ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် (၆)နာရီမှစတင်ပြီး မိုဘိုင်းဖုန်း (သို့မဟုတ်) ကွန်ပျူတာများဖြင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် အခ့မဲ့ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
- Details
- ခင်သရဖီဦး
- Hits: 275
- စစ်တွေ
သတင်းအချက်အလက် တိကျမြန်ဆန်စေရေးနှင့် အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင်ဖွင့်ပေးထားသည့် 2G အင်တာနက်အား 4G အဆင့်သို့ ပြန်လည်အသုံးပြုခွင့် ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း ယနေ့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။
- Details
- မင်းထွန်း
- Hits: 438
- စစ်တွေ
ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော် ယနေ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
Page 15 of 615








