COVID-19 ကာလအတွင်း ပိတ်ထားရသည့် ဟိုတယ်များအနက် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေမှ ဟိုတယ်လေးလုံးကို ပြန်ဖွင့်ခွင့်ရရှိသော်လည်း တည်းခိုမည့်ခရီးသည် လာရောက်မှုနည်းပါးလျှက်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇွန်ပန်းချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မူလတန်း(လွန်)ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံးတို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာ၌ ယနေ့ (သြဂုတ်လ ၁၅ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၇)တန်းကျောင်းသားတစ်ဦး အပါအဝင် (၃) ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ဆန္ဒပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ သုံးသောင်းခြောက်ရာရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)၏ စာရင်းအရ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု(Pace)အဖွဲ့ကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့် ကန့်သတ်ပိတ်ပင်မှုအပေါ် ကန့်ကွက်ကြောင်း ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း (၄၄၃)ဖွဲ့မှ သြဂုတ်လ ၁၃ ရက် နေ့က သဘောထားထုတ်ပြန်လိုက်သည်။