ရခိုင်မြောက်ပိုင်းအတွင်းရှိ မြို့နယ် ၅မြို့နယ်မှ ကျေးရွာပေါင်း ၃၆ ရွာတွင် ဆန္ဒမဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို မကပ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ မင်းရဲကျော်စွာ(၆-ခ)လမ်း၊ အမှတ် (၁၆၅)၊ ၄ လွှာတွင် နေထိုင်သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောာင်မြို့နယ်မှ ဇနီးမောင်နှံနှစ်ဦးအား သတ်ဖြတ်ခဲ့သူ ၂ ဦးကို စစ်တွေမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှ သြဂုတ် လ ၈ရက်နေ့တွင် ထုတ်ပြန်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်မြေသြများသယ်ယူရေး ကျပ်တည်းလာနေသဖြင့် လယ်သမားများ အဆင်မပြေ ဖြစ်နေကြောင်း လယ်သမားများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် Facility Quarantine ဝင်နေသူများအား အစိုးရမှ စားနပ်ရိက္ခာတစ်စုံတစ်ရာ ထောက်ပံ့ပေးခြင်းမရှိသဖြင့် အလှူရှင်များထံမှ အလှူခံကာကျွေးမွေးနေရကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်ရှိ သံဇစ်မြစ်နှင့် လောင်းချောင်းမြစ်တို့တွင် မြစ်ရေညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅၀ ကျော်မှ ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေရကြောင်း ဒေသခံများကပြောသည်။