ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ သြဂုတ် ၆ ရက် ည ၇ နာရီအချိန်ခန့်တွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်အကူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း အထက်တန်းကျောင်းပေါင်း (၁၅)ကျောင်း ဖွင့်လှစ်သင်ကြားရန် လျာထားခဲ့သော်လည်း လက်ရှိအချိန်အထိ (၂)ကျောင်းကိုသာ ဖွင့်လှစ် သင်ကြားနိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

“အဲဒီဒေသတွေကို ကွင်းဆင်းရတဲ့အခါမှာ စစ်သားတွေရှိတယ်ပေါ့နော်။ လုံခြုံရေးအရ ကျနော်တို့ မသွားနိုင်တဲ့ အနေအထား၊ ခြိမ်းခြောက်ခံရတဲ့ အနေအထားတွေရှိတယ်။ ဒါကြောင့် အသေးစိတ်အချက်အလက်တွေကို ကျနော်တို့ကောက်ရတာ အခက်အခဲရှိတယ်” ဟု ဦးကျော်ဇံက ဆိုသည်။

“ကျွန်မ အရမ်းခံစားရတယ်။ အအူအသည်း မရှိတော့ဘူးလို့ ထင်ရတယ်။ အားလုံး မိခင်နေရာကနေ ခံစားကြည့်စေချင်တယ်။ ဆယ်လကျော်ရှိပြီ၊ နေ့တိုင်း မျက်ရည်နဲ့မကင်းဘူး။ တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါလို့ ကျွန်မတောင်းပန်တယ်” 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာလုံလောက်မှုမရှိသဖြင့် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ၊ တုတ်ကွေး စသည့်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်စရာဖြစ်နေကြောင်း စခန်းတာဝန် ရှိသူများထံမှ သိရသည်။