ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်မှုနှင့်ပတ်သက်၍ တရားစွဲဆိုခံရသည့်အမှုအား ပယ်ဖျက်ပေးရန်အတွက် ပြည်နယ်တရားလွှတ်တော်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် လူငယ်သုံးဦးက ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီကြီး ၃ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် ၂၀၀ ကျော်က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုမှုအပေါ် ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ငြင်းပယ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးသည့်အတွက် လတ်တလောတွင် စားဝတ်နေရေး အခက်အခဲများရှိလာကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ယခုနှစ်အတွင်း ရုံးများ၊ လမ်တံတားများနှင့် လျှပ်စစ်မီးများ စတင်လုပ်ဆောင်ရန်အတွက် အစိုးရမှတင်ဒါခေါ်ယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း လေးတောင်မြို့ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပနိုင်ခြေရှိကြောင်း လက်ရှိရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။