ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ကပ်ချောင်းကျေးရွာတွင် ယနေ့(သြဂုတ်လ ၁ ရက်) ညနေ ၄ နာရီကျော်ခန့်က စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးနှစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ခြောက်လမ်း(ခ)ရှိကန်ထရိုက်တိုက် ငါးလွှာတွင် နေထိုင်နေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရခိုင်ဇနီးမောင်နှံနှစ်ဦး တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်ကတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို မပျက်ပြား စေရန် ရခိုင်အခြေပြု နိုင်ငံရေးပါတီများအနေဖြင့် ညှိနှိုင်းခြင်းဖြင့် ပြိုင်ဆိုင်ရန်လိုအပ်ကြောင်း ရခိုင် တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ(AASC)မှ အကြံပြုသည်။

COVID-19 ကာလအတွင်း လူစုလူဝေးမပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း အိစ်ဒ်နေ့အတွက် မောင်တောမြို့တွင် နွားဝယ်ယူသူများနှင့် လာရောက်ကြည်ရှုသူများကြောင့် ထောင်နှင့်ချီပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း တပ်မတော်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့သည် ဆိုသော ကျေးရွာသား၏အလောင်းကို ယနေ့(ဇူလိုင်လ ၃၁ ရက်)တွင် နေအိမ်နောက်ဘက်ရှိ အိမ်သာကျင်းထဲ၌ တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။