ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေတို့သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ယနေ့ထုတ်ပြန်လိုက်သည်။

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းနှင့် အဖွဲ့ဝင် ကိုကျော်လင်းတို့အား ငြိမ်း၊စု၊စီ ဥပဒေပုဒ်မ (၁၉)ဖြင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားက ဇူလိုင် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁ လ ချမှတ်လိုက်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များနှင့် ဆက်သွယ်ရေးပစ္စည်းများဝယ်ယူရန် ဂျပန်အစိုးရမှ ငွေကြေးလှူဒါန်းမည့် အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(Human Rights Watch)မှ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်နိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများ၌ တပ်မတော်က အရပ်သားပြည်သူ့များအား မတရားသတ်ဖြတ်ခြင်း များအပေါ် အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရန် ဇူလိုင် ၂၃ ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆောင်ရွက်မှုတွင် အေအဆင့်မရရှိသေးသည့် အထက်တန်းကျောင်းများ ရခိုင်တစ်ပြည်နယ်လုံးတွင် ရာချီကျန်ရှိနေသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။