ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၅ နှစ်တာကာလအတွင်း အဆို လုံးဝမတင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော်၏ စာရင်းအရသိရသည်။

တပ်မတော်က သံသယဖြင့်ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးမျိုးလွင်သည် တစ်လကျော်ကြာဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

တပ်မတော်က ဖမ်းဆီးသွားသည့် ရမ်းဗြဲဒေသခံ ၆ ဦးထဲမှ တစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးသွားပြီးနောက် ကျန်ရှိသူ ၅ ဦးအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာပေါင်း(၆၉)တွင် ကျောင်းသုံးစာအုပ်များ မရောက်ရှိသေးသည့်အတွက် ကျောင်းအချိန်မီ မဖွင့်နိုင်မည်ကို ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်ကျေးရွာအနီးတဝိုက်တွင် အခြေပြုနေသော AA အဖွဲ့အား အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး စတင်ပြုလုပ်နေကြောင်း ဇူလိုင် ၁၆ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။