ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်-၃၃၉ သည် ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများနှင့် ထိတွေ့ခဲ့သူဖြစ်ကြောင်း အဆိုပါမြို့နယ်မှ ဆရာဝန်ကြီးထံမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ကျေးရွာများသို့ တပ်မတော်က ပစ္စည်းများသယ်ယူခွင့် တားမြစ်ထားသဖြင့် ယင်းဒေသများတွင် တာဝန်ကျနေကြသော အစိုးရဝန်ထမ်းများအခက်အခဲ ဖြစ်နေကြောင်း ဆိုကြသည်။

လက်ရှိဖြစ်ပွားနေသည့် Covid-19 ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် (Online teaching and learning)ဖြင့် သင်ကြားပို့ချမည့်စနစ်မှာ ရခိုင်ပြည်နယ်အတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူများက ပြောဆိုသည်။

NLD အစိုးလက်ထက် (၄)နှစ်ကျော် ကာလအတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁)ဦးရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း(၅၃၉)မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က ယနေ့ ဇူလိုင်(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အစိုးရနှင့် တပ်မတော်မှ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)မှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဇူလိုင်လ ၉ ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။