ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီး ယနေ့(ဇူလိုင်လ ၁၆ ရက်) နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျေးရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရောင်စုံကျေးရွာတွင် တရုတ်ပြည်မှပြန်လာပြီး Quarantine ဝင်နေသူ တစ်ဦး ဇူလိုင် ၁၄ ရက်နေ့ နေ့လည် ၁၂ ကျော်အချိန်ခန့်က အပေါက်ဝတိုက်နယ်ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်ရောဂါကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းရန်ပြင်ဆင်နေကြောင်း မာန်အောင်မြို့နယ်လုံးဆိုင်ရာ လူငယ်များအစည်းအရုံးမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ကျေးရွာသားနှစ်ဦးကို ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီး သွားခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာသား ၆ ဦးအား ဖမ်းဆီးစစ်ဆေးနေစဉ် တစ်ဦးမှာ ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း တပ်မတော်၏ထုတ်ပြန်ချက်ကို မိသားစုဝင်များက အယုံအကြည်မရှိကြောင်း ဆိုကြသည်။