ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် နှုတ်ထွက်စာတင်ထားသော ပါတီကိုယ်စားလှယ်များမှာ နှုတ်ထွက်လိုလျှင် ရှင်းစရာရှိသည့် ကိစ္စရပ်များကို လာရောက်ဖြေရှင်းပေးပါက နှုတ်ထွက်ခွင့်ပေးမည်ဖြစ်ကြောင်း ANP ပါတီ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးဖေသန်းကပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း ပိတ်မိနေသူများကို ယနေ့(ဇူလိုင်လ ၁၄ ရက်) ညနေ ၆ နာရီအချိန်ခန့်တွင် ပြန်လည်ကယ်ထုတ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ၄င်းတို့နှစ်ဦးတွင် အပြစ်ရှိလျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် အပြစ်မရှိလျှင်လည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းနေသည့် မြောက်ဦးဒေသ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များအား နယ်မြေမလုံခြုံသဖြင့် ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်သကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မှုလည်း အားနည်းလျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။