မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေကြသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုများမှာ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် အများဆုံးဖြစ်ခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့(ဇူလိုင်လ ၈ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကမိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ၎င်းရွာသားများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ချွတ်ပြင်ကျေးရွာ၊ မောင်နုကျေးရွာ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ပေါ်ပေါက်လာနိုင်ရန် အထူးခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇူလိုင်လ ၂ ရက်နေ့က ဖွဲ့စည်း လိုက်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံသုံးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကုလားတန်မြစ် ကစ္ဆပနဒီတံတားအနီးတွင် ဇူလိုင် ၇ ရက်နေ့ နံနက် (၈) နာရီ အချိန်ခန့်က အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။