တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များ ကြားတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်းသည် အထူးစိုးရိမ်နေရမည့် အခြေအနေမဟုတ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်းဇက်ဇိုးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်းတွင် ဖမ်းဆီးထားသည့် ကပ်သပြေကျေးရွာသား များနှင့် စိုင်ခြုံဒွိန်ကျေးရွာသားအပါအဝင် ရှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခုတွင် ကိုဗစ်ကာလ စိုက်ပျိုးရေးစရိတ်ချေးငွေ စတင်ကာ ချေးနေပြီဖြစ်သော်လည်း မရရှိသည့် တောင်သူလယ်သမားများရှိနေကြောင်း ၄င်းတို့ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တောင်ကုတ်-မအီ ကားလမ်းပေါ်ရှိ လမူးမော်စံပြကျေးရွာမှ လူတစ်ဦးအား တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကျော်ကြာသည်အထိ သတင်းအစအန မရရှိ သေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၇ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁)၊ ၁၃(၅) တို့ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။