ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မြေပုံမြို့နယ်၊ ရက်ချောင်း စစ်ဘေးရှောင်စခန်းအတွင်းသို့ ရေဝင်ရောက်နစ်မြုပ်လာ၍ စစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းထား ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်သို့ ပြည်တွင်းမှပြန်လာသူများကို အသွားအလာစောင့်ကြည့်ခြင်း (Quarantine) မထားတော့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းခြင်းရာများနှင့်ပတ်သတ်ပြီး စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ၌ တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် စောမြရာဇာလင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် Colourless လူမှုကူညီရေးအသင်းမှ အရံဆန်များစုထားပြီး ပုံမှန်ထက် ပိုမိုအခက်အခဲရှိလာလျှင် လှူဒါန်းသွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။