ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တပ်မတော်က AA ဟုဆိုကာ ပစ်ခတ်လိုက်၍ သေဆုံးသွားသူမှာ လယ်လုပ်ကိုင်နေသည့် အသက် ၆၇ နှစ်အရွယ် ဦးကြိုးကြာဥဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဆေးရုံတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦးအား ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြုထားသော်လည်း ဆေးရုံ၌ အသွားအလာ ကန့်သတ်ထားသေးကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးမှာ ဇူလိုင်လ ၂ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာ လိုက်သည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရှိ အစိုးရကဆောက်ပေးထားသော စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။