ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယ ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၂(က) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ဇွန် ၃၀ ရက်နေ့ က တရားစွဲတင်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအား အမည်မသိလူနှစ်ဦးမှ ဓားဖြင့်ထိုးသတ်မှု ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တရဘကျေးရွာအနီးတွင် ဇွန်လ ၂၉ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က မိုင်းပေါက်ကွဲမှုကြောင့် လူလေဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖမ်းဆီးခဲ့သူငါးဦးထဲမှ သုံးဦးကိုပြန်လွှတ်ပေးမည်ဖြစ်ကာ ကျန်နှစ်ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ၊ ပို့ကုန်/သွင်းကုန်အက်ဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော်၊ မြေပုံစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာ မလုံလောက်သဖြင့် စစ်ဘေးရှောင်များ အခက်အခဲကြုံတွေ့နေရပြီး ကျန်းမာရေးအတွက်လည်း စိုးရိမ်နေ ရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။