ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က Covid-19 ပိုးတွေ့ရှိသည့် လူနာအမှတ် ၂၉၂ နှင့် ထိတွေ့ ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်ပိုးမတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတစ်ဦးရှိလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ယာယီရပ်နားထားလိုက်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့က မြို့မရဲစခန်းအချုပ်ကိုဖောက်ကာ အချုပ်သား ၃ ဦးထွက်ပြေးမှု ယနေ့(ဇွန်လ ၂၇ ရက်နေ့) နံနက် ၄ နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည်။

အရပ်သားပြည်သူများအား လူ့အခွင့်ရေးချိုးဖောက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုနှင့် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာအပြစ်ပေးအရေးယူပေးရန် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း(၅)ဖွဲ့က တောင်းဆို လိုက်သည်။