ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ အင်တာနက်ပိတ်ထားခြင်း ၁နှစ်ပြည့်နေ့တွင် အင်တာနက်ဖွင့်လှစ်ပေးရန် တောင်းဆို၍ တရားစွဲခံထားရသော ရမ်းဗြဲမြို့နယ်လူငယ်များကွန်ရက် တာဝန်ခံအား ဇွန်လ ၂၅ ရက်‌နေ့မှာ ရမ်းဗြဲမြို့နယ်တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

ရခိုင်ပြည်နယ်မှထွက်ရှိသောဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဝါးတန်ချိန် ၄၃၅ တန်(အမေရိကန်ဒေါ်လာ ၃၄၈၀၀ တန်ဖိုး)တင်ပို့ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ခြင်း တစ်နှစ်ပြည့်နေ့မှာ “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ” စာတန်းပါ တီရှပ်များဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌တင်ခဲ့သည့် ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းတို့ထံမှသိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင် အမျိုးသား(၃)ဦးကို AA တပ်ဖွဲ့ဝင် များနှင့် ၄င်းတို့၏အမာခံများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်းရှိကျေးရွာအချို့တွင် ယမန်နေ့(ဇွန်လ ၂၄ ရက်) နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များကျရောက်သဖြင့် ဒေသခံထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ထွက်ပြေးနေရ ကြောင်းသိရသည်။