တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများရှိနေ၍ ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းမှုများရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသူ ၅ ဦးထဲမှ တစ်ဦးကို ဇွန် ၂၁ ရက်နေ့ ညနေပိုင်းအချိန်တွင်တွေ့ရှိခဲ့ပြီး ကျန် ၄ ဦးမှာ လွတ်မြောက်နေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံမှ သိရသည်။

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေးပိုင်းတွင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှန်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ဇွန်လ ၂၇ ရက်နေ့တွင် တွေ့ဆုံဆွေး‌‌‌နွေးသွားမည်ဖြစ်သည်။

ပိတ်ထားသည့် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း ယင်းလူငယ်ကွန်ရက်မှ သိရသည်။