ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မုန့်လှည့်လည်ရောင်းချနေသော အမျိုးသမီးငယ်တစ်ဦးမှာ ဦးခေါင်းထိခိုက် ဒဏ်ရာနှင့် သေဆုံးသွားမှုအပေါ် ပြည်သူများမှ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေသည်။

ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားအားလုံးထွက်ပြေးသွားချိန်တွင် ရွာအတွင်း (၁၂)ရက်ကြာ ပိတ်မိ နေခဲ့သော ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာသား ၅၄ ဦးကို ယနေ့ (ဇွန်လ ၂၀ ရက်) နေ့လည်ပိုင်းအချိန်က ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကူညီကယ်ဆယ်နေသူများထံမှ သိရသည်။

ဒုက္ခသည်များ အခြေတကျ ပြန်လည်နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားဒေသများတွင် တပ်မတော်က ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်က ဇွန် ၂၀ ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မြို့နယ်အသီးသီးကို နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များပေါ်ရှိ ထိုင်ခုံများတွင် ခရီးသည်တစ်ဦးနှင့်တစ်ဦး နီးကပ်စွာထိုင်ရသည့်အတွက် ကိုဗစ် - ၁၉ ရောဂါကူးစက်မည်ကို ခရီးသည်များ စိုးရိမ်နေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မောင်တောဒေသသို့ တရားမဝင် ဝင်ရောက်လျက်ရှိနေသည့် ကိစ္စများတွင် လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။