အစိုးရမှ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်၏ အထင်ကရကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေရှိရာ ငပလီမြို့ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုနှင့် ညဈေးတန်းတစ်ခုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ်တာဝန်ခံ ဦးရဲအောင်မိုးကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ရွေးကောက်ပွဲရလဒ်အရ မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ကို ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက တောင်းဆိုနေကြသည်။

ငပလီမြို့က နာမည်ရှိဟိုတယ်တစ်ခုဖြစ်သည့် Amazing ဟိုတယ်တွင် လာရောက်တည်းခိုနေသူတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ၍ ယင်းဟိုတယ်ကို လောဒေါင်းချထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာ ကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြု၏ စာရင်းများအရ သိရသည်။