ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)တွင် ငွေကျပ် သိန်း ၁၈၀၀ ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အတွင်းရှိ ဘဏ်အသီးသီးမှ ဝန်ထမ်းများမှာလည်း စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိနေကြသည်။

တပ်မတော်က ဖမ်းဆီးထားသည့် တင်းမကြီးကျေးရွာသား (၁၀)ဦးနှင့် တင်းမသစ်ကျေးရွာသား (၈)ဦးတို့အား ပြန်လွှတ်ပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ အလယ်ကျွန်းကျေးရွာ ခိုလှုံနေကြသည့် စစ်ဘေးရှောင် (၁၀၀)ကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်လာ၍ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာနေ ကြကြောင်း အမ်းအမှတ်(၁) ပဲပိတုန်းစစ်ဘေးရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံရသော တောင်ကုတ်မြို့နယ်မှ ဆားပြင်ကျေးရွာသား ၅ ဦး၏အမှု၌ တရားလိုဖြစ်သူ‌ ဗိုလ်မှူးမြင့်ဇော်အောင်အား ယနေ့ စတင်စစ်ဆေးခဲ့ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး နေရာပြောင်းရွှေ့နေရကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။