မာန်အောင်မြို့နယ်အတွင်း၌ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်များ ရွေးချယ်ခြင်းကို မြို့နယ်ပါတီရုံးမှာ ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးမှာ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြီတဲကျေးရွာမှ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးငယ်နှစ်ဦးကို ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် နေထိုင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ စည်းရုံးရေးမှူးဟောင်းဖြစ်သူ ဦးဝင်းလှိုင် ပျောက်ဆုံးနေသည်မှာ ၁၄ ရက်ကြာမြင့်နေပြီဖြစ်သော်လည်း တစ်စုံတစ်ရာ သတင်းအစနမရရှိသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေလုယက်မှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားသူတစ်ဦးကို မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူထားကြောင်း မိသားစုထံမှ သိရသည်။