ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အများပြည်သူ အပန်းဖြေအနားယူရာနေရာတစ်ခုဖြစ်သော ပွိုင့်ကမ်းခြေမှ သဲများကိုတူးဖော်ယူဆောင်သူများ များပြားလာနေသဖြင့် နောင်တွင်ကမ်းခြေပျက်စီးလာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

မကြာမီကာလတွင် ကျောင်းဖွင့်တော့မည်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှာ နေထိုင်ရန်နေရာအခက်အခဲဖြစ်နေကြပြီး ယင်းအထဲမှ ကျောင်းသား/သူ ၁၂၀၀ ကျော်မှာလည်း ပညာဆက်လက်သင်ကြားရန် ကျောင်းဆောင်သစ်များ လိုအပ်နေခြင်းဖြစ်ကြောင်း ပလက်ဝမြို့ပေါ်ကူညီရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်(ခွဲ) ကျိန္တလီမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်/ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALA/ALP)အဖွဲ့ဝင်သုံးဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျိန္တလီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်လွင်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာကြသည့် နေရပ်စွန့်ခွာသူများကို ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့ရှိလာရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ် မြို့သစ်ဈေးအနီးတွင် တပ်မတော်ကလုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်လူတစ်ဦးအား ခြောက်လှန့်ပစ်ခတ်လိုက်၍ သေဆုံးသွားသူမှာ စိတ်မနှံ့သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။