ရခိုင်ပြည်နယ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရမှုများ မြင့်တက်လျက်ရှိနေသည်။

မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအုပ်စု၊ ပြင်ကောက်ကျေးရွာကမ်းခြေတစ်လျှောက်တွင် သဘာဝ အတိုင်းဖြစ်တည်နေသည့် သန္တာကျောက်တန်းများ မပျက်စီးစေရေးအတွက် မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ကို ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့မှ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးမျိုးလွင်(ခ)မောင်ကဲ ၄၆ နှစ်အား ဇွန်လ ၉ ရက် နံနက် ၂ နာရီအချိန်ခန့်က တပ်မတော်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းမှ မွတ်ဆလင်ဒုက္ခသည်များက မူလနေထိုင် ခဲ့သည့်နေရာတွင် ပြန်လည်နေရာချထားလိုကြောင်း တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအတွင်းမှ ကျေးရွာသားများကို တပ်မတော်က စားနပ်ရိက္ခာ သယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံများ အခက်ခဲနှင့်ကြုံနေရကြောင်း သတင်းရရှိသည်။