ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ရွာသား ၁၈ ဦးအား တပ်မတော်မှ ဖမ်းဆီးသွားသည်မှာ သုံးလခန့်ကြာမြင့်လာပြီဖြစ်သော်လည်း ယခုအချိန်ထိ သတင်းတစ်စုံတစ်ရာမရရှိဘဲ ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုနှင့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဂယက်တို့ကြောင့် ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုနည်းပါး လာနေကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရေလမ်း၊ ကုန်းလမ်းသွားလာရေးကို တားဆီးပိတ်ပင်ထားသောကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ကာ စားဝတ်နေရေးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ ဖမ်းဆီးခံထားရသည့်အမျိုးသားကို ပြန်လွှတ်ပေးရန် စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG)က ဇွန်လ ၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန် တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ထောင်ဒဏ်တစ်သက်တစ်ကျွမ်းအထိ ချမှတ်ခံရနိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံရသူမှာ ပြီးခဲ့သည့် မေလအတွင်းက ၁၃ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။