ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ပါတီဝင်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာနေ ဦးဝင်းလှိုင်အား အမည်မသိလူတစ်စု နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ယနေ့ (ဇွန် ၂ ရက်) နေ့လည် (၁၁)နာရီခွဲက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တပ်မတော် အားကမ်းလှမ်းသည့် ကြေငြာချက်တစ်စောင်ကို ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တို့မှ AA ခြေကုပ်စခန်းအချို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ဒေသခံပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ နှစ်ဖက်လက်နက်ကိုင်များကြားတွင် စိုးရိမ်ကြောက်လန့်မှုများဖြင့် ကြားညှပ်နေရကြောင်း ပြန်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။