ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းမှ ဒေသခံနှစ်ဦးကို တပ်မတော်က ၆ လကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယခုနှစ်မေလအတွင်းမှာမှ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ထားကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မနေ့က (မေလ ၃၀ ရက်နေ့) ညနေ့ ၈ နာရီကျော်အချိန်တွင် လက်နက်ကျည် ထိမှန်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သူ ၉ ဦးထဲမှ ရဲတပ်ဖွဲ့မိသားစုဝင် ၃ ဦးနှင့် ယခင်က ဖမ်းဆီးထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ကို မေလ ၂၉ ရက်၊ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း AA က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝကျေးရွာမှ အမျိုးသမီးတစ်ဦး ယနေ့(မေလ ၃၀ ရက်) နံနက်ပိုင်းက ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များမှ တောင်သူအများအပြားမှာ ၂၀၁၉ ခုနှစ်က ချေးခဲ့သည့် မိုးစပါးစိုက်ပျိုးရေးစရိတ် ချေးငွေများကို ပြန်မဆပ်နိုင်ကြသေးကြောင်း သတင်းရရှိသည်။