ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယမန့်နေ့ (မေ ၂၈ ရက်) နံနက် ၉ နာရီခန့်က တောင်ပေါ်သို့ ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းအား ယနေ့(မေလ ၂၉ ရက်) နံနက် ၂ နာရီ ခန့်တွင် ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် လင်မယားနှစ်ဦးကို ယနေ့ မေ ၂၈ ရက်နေ့တွင် တရားရုံးက စွဲချက်မတင်မီလွှတ်ပေးလိုက်ကြောင်းသိရသည်။

ကိုနေဖြိုး ပစ်ခတ်ခံရသည့် ခေါင်းလောင်းရွာဟောင်း အဝေးပြေးကားဂိတ်အသစ် ဆောက်ထားသည့်နေရာတွင် တပ်မတော်စစ်ကြောင်းက ညအိပ်ရပ်နားရန် နေရာယူထားသဖြင့် အဆိုပါပစ်ခတ်မှုသည် တပ်မတော်မှ ပတ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယနေ့(မေလ ၂၈ ရက်) နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်ခဲမှုကြောင့် အမ်းလေယာဉ်ကွင်းအနီးရှိ ညောင်ပင်လဲကျကာ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။