Covid-19 ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်မှထွက်ရှိသည့်ငါး၊ ပုစွန်များကို ရန်ကုန်သို့တင်ပို့ရောင်းချရန် အတွက် ငါး၊ ပုစွန်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းနှင့် ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင် စခန်း တို့တွင် ငွေကျပ်သိန်းတစ်ထောင်တန်ဖိုးရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အများစုမှာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင် စားသောက်နေကြသော တောင်သူလယ်သမားများဖြစ်ကြသည်။

တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးမှာ ယမန်နေ့ မေလ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာမှ ရွာသားတစ်ဦးမှာ မေလ ၂၃ ရက်နေ့က ဟင်းရှာသွားစဉ် ပျောက်ဆုံးခဲ့ပြီး ယနေ့မေလ ၂၆ ရက်နေ့အထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များက ပြောသည်။