ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးအား မေလ ၂၄ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်(ယူနက်စကို)စာရင်းဝင်နိုင်ရေး အတွက် ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို Mask တပ်ဆင်ထားသူလေးဦးမှ ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာမှ ကျေးရွာသားနှစ်ဦးသည် ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်က မိုင်းထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကံသစ်ကျေးရွာ ဆယ်အိမ်မှူး ဦးကံထွန်းအောင်က ပြောသည်။

တပ်မတော်သားများလက်ထဲတွင် ရက်သတ္တပတ်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံ ၂၆ ဦးမှာ ယနေ့(မေလ ၂၃)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။