ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်ကြိုးများ ပြတ်တောက်မှုကြောင့် မေ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လက်ရှိသတင်းရေးသားချိန်အထိ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ (ANP)ဥက္ကဋ္ဌ ဦးပြုံးချိုအပါဝင် (၅)ဦးကို မေလ ၂၂ ရက် နေ့ နေလည်ပိုင်းက တောင်ကုတ်မြို့နယ်တရားရုံးတွင် ပထဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကြားတွင်ရှိသည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့ကို ရမ်ဆာ(ရေဝပ်ဒေသ)ထိန်းသိမ်းရေးနယ်မြေအဖြစ် ရမ်ဆာကွန်ဗေးရှင်းက မေလ ၂၂ ရက်နေ့တွင် သတ်မှတ် လိုက်သည်။

တပ်မတော်ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်မှုကိုခံခဲ့ရသည့် ရခိုင်အမျိုးသား ၅ ဦးကို မေလ ၂၂ ရက်နေ့တွင် ပုဏ္ဏားကျွန်းရဲစခန်းမှခေါ်ဆောင်လာပြီး စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင် တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသည့်အရပ်သားများ ထိခိုက် ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး အရေးပေါ်လူနာများ မြန်ဆန်စွာသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက မေလ ၂၁ ရက်နေ့တွင် ပြောသည်။