မြန်မာနိုင်ငံတွင် COVDI-19 ကန့်သတ်ကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးအဆင်ပြေနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ငွေကြေးထောက်ပံ့ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အမ်ဖန်စူပါဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်လိုင်းများမှ ခရီးစဉ်အချို့ကို ယာယီ ရပ်နားထားကြောင်း ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာအနီးရှိ သိမ်းဆည်းခံလယ်မြေများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာအစိုးရနှင့် ပြန်လည်စိစစ်ပေးသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မေလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

COVID-19 ကာလအတွင်း အစိုးရဝန်ထမ်းများဖြစ်သည့် တက္ကသိုလ် ဆရာ/မများအနေဖြင့် မိမိနေအိမ်မှနေပြီး ဆက်လက်တာဝန်ထမ်းဆောင်သင့်ကြောင်း တက္ကသိုလ်ဆရာ၊ဆရာမအသင်းများအသင်း (ကိုယ်စားပြု ကော်မတီ) UTA မှ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၂၀၀ ခန့် မီးလောင်ပျက်စီးသွား ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောဆိုကြသည်။