ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များထဲမှ လူဦးရေ ၅၀၀ ကျော်မှာ ယနေ့(မေလ ၁၇ ရက်) နံနက်ပိုင်းက မိမိတို့နေရပ်သို့ ပြန်သွားကြကြောင်း သတင်း ရရှိသည်။

“အရင်က ဆိုင်မှာဆိုရင် လွတ်လွတ်လပ်လပ် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေခေါ်ပြီးတော့ ဒီမှာလာကြတယ်။ အခုက ဆိုင်မှာထိုင်မစားရဆိုတော့ လိုအပ်သလောက် ပါဆယ်ယူသွားကြတယ်။ ပါဆယ် ရောင်းတာနဲ့ ဆိုင်ထိုင်ပြီးရောင်းတာနဲ့ မတူဘူးပေါ့” ဟု စစ်တွေမြို့ အာရီယာန်စားသောက်ဆိုင်မှ စာရင်းကိုင် မလဲ့လဲ့ခိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ ဧပြီလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကျေးရွာသား စစ်ဘေးရှောင်တိမ်းနေကြသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအတွင်း မီးလောင်မှု ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ပြင်ပဆောင်းပါးရှင်တစ်ဦးဖြစ်သည့် စာရေးဆရာ ကျော်လင်း(ရောင်စုံ) တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးရန် နယူးယောက်အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ)က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။