ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကေသကျေးရွာတွင် မေလ ၁၂ ရက် နေ့လည်ပိုင်းက လက်နက်ကြီးကျည် တစ်လုံး ရွာထဲသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းကို ယမန်နေ့ မေလ ၁၂ ရက် နံနက် ၈ နာရီကျော် အချိန်တွင် တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦး၊ ကျေးရွာတာဝန်ခံတစ်ဦးနှင့် ဒေသခံတစ်ဦးတို့အား ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က မောင်တောခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊ (ဈ) တို့ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာတွင် ယနေ့မေလ ၁၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မွတ်ဆလင်ကလေးငယ်နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် ဧပြီလကုန်မှစ၍ ရေတွင်းရေကန်များ၌ ရေခမ်းခြောက်ကာ ရေရှားပါးမှုနှင့် ရင်ဆိုင်လာရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။