မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့၊ညနေ (၁၁) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်ဟု  မြို့နယ် မီးသတ်ဦးစီးဌာနက သိရသည်။

စစ်တွေမြို့တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင့်ဦးဆောင်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် အောက်တိုဘာလ ၃၁ ရက်နေ့က လျှောက်ထားလာ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

"ကျွန်တော်ရင်ခွဲရုံကို လိုက်သွားပြီးကြည့်တဲ့အခါမှာ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိခိုက်ဒဏ်ရာမတွေ့ရှိရပါဘူး။ မျက်နှာမှာ မျက်လုံးနှစ်ဖက်ဖူးရောင်နေတယ်။ ညိုမဲပြီးတော့ဖူးရောင်နေတယ်။  မျက်လုံးဟာပျက်နေတဲ့ သဘောရှိတယ်။ သွေးခြေဥပြီးတော့ မျက်လုံးကို မမြင်ရဘူးပေါ့။ အဲဒီလိုတွေ့ရတဲ့အတွက် ရေနစ်သေဆုံးသွား တယ်လို့ ပြောဆိုတဲ့အပေါ်မှာ သံသယဖြစ်မိတယ်”

“ အိမ်ဆောက်ဖို့ ပစ္စည်းတွေ စုနေပါပြီ။ UNHCR ကဆောက်လုပ်နေတာပါ။ နေအိမ်က ၇၆ လုံးဖြစ်ပါတယ်။ အိမ်အမျိုးအစားက ဝါးထရံကာ မြေစိုက်တဲဆောက်လုပ်သွားမှာပါ။ လက်ရှိမှာ ရွာသားတွေဟာ အဲဒီ အနီးအနားမှာ နေထိုင်ကြပါတယ် ”

“ စစ်တွေကနေ ဘူးသီးတောင်ကိုလာတဲ့ အောင်ကျော်မိုးသင်္ဘောကို သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သဘောင်္ပေါ်တင်လာတဲ့ ငါးပုံးတွေကို စစ်ဆေးရာကနေ တွေ့ရှိခဲ့တယ်။ ဆေးပြားစုစုပေါင်း ၉၇၅၀၀၀ ဖြစ်တယ်”