ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် င/တောက်တူချေကျေးရွာတွင် မေလ (၄) ရက်နေ့ ညနေ (၅) နာရီအချိန် ခန့်က နေအိမ်များ မီးရှို့ခံခဲ့ရသဖြင့် အနည်းဆုံးနေအိမ် ၈ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ၎င်းနေရာသို့ သွားကြည့်ခဲ့သည့် ကျေးရွာသားများမှပြောသည်။

ရန်ကုန်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းများမှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား စောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်ထားရှိရာ စခန်းအချို့တွင် စားသောက်နေထိုင်ရေး အဆင်မပြေဖြစ်နေ ကြောင်း Quarantine ဝင်နေသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ နေထိုင်ရန် အခက်အခဲများရှိနေကြောင်း စခန်းတာဝန်ရှိသူများမှ ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေး ဒုက္ခသည် (၈၀၀)ကျော်မှာ စားသောက်ရေးအတွက် အခက်ခဲဖြစ်နေရကြောင်း စစ်ဘေးဒုက္ခသည်များထံမှ သိရသည်။

နိုင်ငံအနှံ့မှ သတင်းသမားပေါင်း ၁၈၀ ကျော်ပါဝင်သော လွတ်လပ်သောသတင်းသမားများအဖွဲ့မှ သတင်း မီဒီယာသမားများ၏ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးရန် မေလ ၃ ရက်နေ့က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက်သည်။