ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်အတွက် တပ်မတော် အနေဖြင့် AA နှင့်ဆွေးနွေးမှုရလဒ်များကို အစိုးရထံတင်ပြရန်လိုအပ်ကြောင်း လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး သေဘာတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ယခုလ ဒုတိယအပတ်တွင် တွေ့ဆုံဆွေးနွေးရန် အစိုးရဖက်မှ ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လတ်တလောအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့  အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်နေသည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေသည်။

လုံခြုံရေးအရ တပ်မတော်က တစ်နှစ်ကျော်ကြာပိတ်ပင်ထားသည့် အမ်းမြို့နယ်ရှိ ဒါးလက်ကျေးရွာအုပ်စု ကုန်းလမ်းသွားလာခွင့်ကို ပြန်လည်ဖွင့်ပေးလိုက်ပြီး ကုန်ပစ္စည်းများသယ်ယူခွင့်ကိုလည်း ဒီဇင်ဘာ ၃၀ ရက် နေ့ကစတင်ကာ ခွင့်ပြုပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်သား ၁၈ ဦးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသည်ကို ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆေးစစ်ချက်များအရသိရကြောင်း တောင်ကုတ်မြို့နယ်အုပ်ရေးမှူးထံမှ သိရသည်။