ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည် ၁၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး အတွက် စခန်းတာဝန်ရှိသူများမှ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ NLD အစိုးရသက်တမ်း (၄)နှစ်တာကာလအတွင်းတွင် ရခိုင်ပြည်နယ်သည် အခြားပြည်နယ်များထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်နေသည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးကို လှုပ်ရှားဆောင်ရွက်နေသော အသံအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတွင် မေလ ၂ ရက်နေ့က နံနက်ပိုင်းက အာဆာအဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒုံးပိုက်ကျေးရွာအနီး ဆိုင်တစ်ဆိုင်တွင် နယ်ခြားစောင့်ရဲယူနီဖောင်းဝတ်ဆင်ထားသူ ၃ ဦး အရက်သောက်နေစဉ် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများပိတ်ထားသည့် မြို့နယ် ၈ မြို့နယ်အနက်မှ မြို့နယ်တစ်မြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက မေလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။