ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒုက္ခသည်များကို ပံ့ပိုးကူညီရန်အတွက် ဆန်ရိက္ခာများသယ်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ယာဉ်များသည် ဧပြီလ ၂၉ ရက်နေ့က ဆမီးမြို့မှ ပလက်ဝသို့ သွားရာ လမ်းတွင် ညနေ ၆ နာရီကျော်အချိန်၌ ပစ်ခတ်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြာညိုကန်ကျေးရွာတွင် ယနေ့(မတ်လ ၁ ရက်နေ့)နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်ကျည်များသည် ကျေးရွာအတွင်းနှင့် ရွာအနီးတို့တွင် ကျရောက်လာသဖြင့် ရွာသားများထွက်ပြေးနေရကြောင်း ၎င်းကျေးရွာသားများထံမှ သိရသည်။

ရှမ်းပြည်နယ်၊ ဆီလူးမြို့တွင် ဧပြီလ ၈ ရက်နေ့ကစတင်ပြီး (၂၁)ရက်ကြာ Quarantine ဝင်ခဲ့ရသည့် ရခိုင် ရွှေ့ပြောင်းလုပ်သား (၂၅၇)ဦးမှာ ယနေ့မေလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွားလမ်းပေါ်ရှိ ဥဒေါင်းကျေးရွာရဲကင်းစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် ဧပြီလ ၃၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ ကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့် ကြာမြင့်လာနေပြီး တိုက်ပွဲများမှာ လက်ရှိအချိန်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။