COVID-19 ကပ်ရောဂါကြောင့် မာန်အောင်မြို့နယ်သို့ ပြင်ပကုန်သည်များ မလာရောက်နိုင်သည့်အတွက် ဆောင်းသီးနှံများ ဈေးနှုန်းကျဆင်းလာမည်ကို ဒေသခံတောင်သူများက စိုးရိမ်လျက်ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြည်သူများ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် စစ်တွေမြို့မဈေးတွင် ရောင်းချနေသည့် ကုန်စိမ်းဆိုင်များကို ယင်းဈေးအနီးရှိ သဲပြင်ပေါ်တွင် နေရာသတ်မှတ်၍ ဈေးရောင်းချရန် စီစဉ်ပေးထားသည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာအနီးတွင် ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်က တပ်မတော်ပစ်ခတ်မှုကြောင့် မေလွမ်းရွာသားတစ်ဦး သေဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးကျော်လှဦးက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ပစ်ခတ်ခံရ၍ ယာဉ်မောင်းတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဒေသခန့်ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် သေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ကြေငြာသည်။