- Details
- ကျော်သူဌေး
- Hits: 568
- တောင်ကုတ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့၊ ဧပြီလ ၇ ရက်နေ့က ဖျားနာ၍ ဆေးခန်းလာပြသူတစ်ဦး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသောကြောင့် သူ၏ဓာတ်ခွဲနမူနာများကို စစ်ဆေးရန်အတွက် ရန်ကုန်သို့ပို့မည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- Details
- ဝင်းညွန့်
- Hits: 430
- စစ်တွေ
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren တို့သည် ဧပြီလ ၅ ရက်နေ့က အွန်လိုင်းက ဆွေးနွေးခဲ့ကြသည်။
- Details
- ကျော်သူဌေး
- Hits: 532
- စစ်တွေ
အစိုးရသည် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့မည်ဖြစ်သည်။ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများစာရင်းကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အစိုးရက ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။
- Details
- ခင်သရဖီဦး
- Hits: 697
- ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းအတွက် အစိုးရက ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီးအပြန်တွင် ဆန်သယ်ဆောင်လာသူ (၁၅)ဦးကို တပ်မတော်က စစ်ဆေးနေသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
- Details
- မျိုးသီရိကျော်
- Hits: 938
- မြေပုံ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာအနီး ဒါးလက်ချောင်းတွင် စက်လှေဖြင့်သွားနေသူတစ်ဦး ဧပြီလ ၆ ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။
Page 242 of 615








